Skip to main content

Short Quote_14

 Before blaming others,  first of all,u should judge yourself. 

တခြားသူကို အပြစ်မတင်ခင် ကိုယ်ဘယ်လောက်မှန်နေလဲ အရင်ဆုံးဖြတ်ပါ 
သူများမိသားစုကို အပြစ်မတင်ခင် ကိုယ့်မိသားစုကကော ဘယ်လောက်မှန်နေလဲ 
သူများသားသမီးကို အပြစ်မတင်ခင် ကိုယ့်သားသမီးကကော ဘယ်လောက်ထိ ကောင်းတာတွေလုပ်နေလဲ 
အပြစ်တင်ရတာက လွယ်ပါတယ် 
ဒါမယ့် အဲ့အပြစ်တင်လိုက်တာကြောင့် ရလာတဲ့ကောင်းကျိုးကကော..? 
သူများကိုအပြစ်တင်လို့ ချမ်းသာသွားတဲ့သူမျိုး မတွေ့ဖူးပါဘူး 
ကျွန်တော်ဘေးအိမ်ကအဒေါ်ကြီးဆိုရင် LGBT တွေကို အမြဲအပြစ်တင်ပါတယ် ယောကျာ်းလေးပုံစံနဲ့နေတတ်တဲ့ ကောင်မလေးတွေကိုဆိုရင် အမြဲတမ်း မကောင်းပြောတတ်ပါတယ် Tomboy တွေမြင်ရင် ပိုဆိုးပြီပေါ့ဗျာ..အဲ့တာနဲ့ သိပ်မကြာပါဘူး သူ့ရဲ့ချစ်လှစွာသော တစ်ဦးတည်းသောသမီးလေးဟာ Tomboy နဲ့လိုက်ပြေးသွားလို့ ဘာမှမတတ်နိုင်ဘဲ နေလေသတဲ့...

 
 

Comments

Post a Comment