Skip to main content

ဘုရားသခင်က ကြွေအံမကစားခဲ့ဘူး ငါတို့တွေက ကြွေအံကစားခဲ့တယ်

 

ဘုရားသခင်က ကြွေအံမကစားခဲ့ဘူး 

ငါတို့တွေက ကြွေအံကစားခဲ့တယ်

ကစားဝိုင်းမှာ ထိုးချလိုက်တဲ့ လောင်းကြေးက

ဘဝရယ်ပါ …။


လောင်းကစားဝိုင်းဆိုတာ

စိတ်ကူးမှန်မှန်နဲ့ ဉာဏ်ကစားဖို့ပါပဲ

ကံတရားကတော့ သူ့ဘာသာသူ

စီးဆင်းနေပေလိမ့်

ကံနဲ့ ဉာဏ်ထပ်မိရင် ငါတို့ဘဝတွေ

လတ်ဆတ်ပေလိမ့်

ငါတို့တတွေ ကံကို ကြွေအံကစားခဲ့ကြတယ်။


ငါတို့တတွေ စိုက်မိတဲ့ စိတ်စိုက်ကွက်တွေဟာ

စံကွက်အမှန်တွေပါ။

ပေါ့ပေါ့သွမ်းသွမ်းအမှုတွေလည်း

မပြုခဲ့ကြပါဘူး။

ငါတို့တွေက စိတ်မသန့်လို့ မထိုးခဲ့တာတွေဟာ

ငါတို့ရဲ့ အနိုင်ကြွေးတွေပါ။


ဇာတ် …

အဲဒီက စခဲ့ကြတာပေါ့

အဲဒီကနေ မိုးကျော်သူဟာ

ဟိုတယ်ကာလီဖိုးနီးယားကို ထွက်သွားနိုင်တာတစ်ခုပဲ

ခုတော့ ငါတို့အံဆွဲထဲမှာ

ဘာမှမရှိတော့ဘူး။ ။


မောင်ချောနွယ်

Comments

Post a Comment