Skip to main content

ခေါက်ရှာငှက်ကလေးများ



 ခေါက်ရှာငှက်ကလေးများ

သီချင်းဟောင်းတွေကြောင့် ကမ္ဘာဟောင်းခဲ့ရတယ်

မနေ့ကလည်း ဒါပဲ

ဒီကနေ့လည်း ဒါပဲ

ဒါပဲ

ဟောင်းပြီးရင်း ဟောင်းနေတော့တယ်

အကာအကွယ်မရှိဘဲ ဟင်းလင်း

အတင်းအကျပ် စီးနင်းခံရ

လောကကြီးကို လေ့လာကြည့်တော့

ဘာမှန်းမသိတော့ဘူး

ဘဝကို တစ်စစီ လိုက်လိုက်စမ်းရ

ဒီလောက်တောင် ရှူံးရပြီလား

ပေါက်ကွဲချင်တယ်

မျိုသိပ်ပေးလိုက်ရ

အနာဆုံး ဒဏ်ရာပါပဲ

စိတ်နှလုံး ခြောက်ခြားဖွယ်ရာပါလား

ဝန်စည်စလယ်တွေ လေးလေးလံလံ ထမ်းပိုးခဲ့ရ

ဘာတွေမှန်းမသိ

လိုအပ်တာထက် ပိုမိုလှပသာယာလာ

ဒီဘဝမှာ

ငါပေါင်းရတဲ့ အရာတွေမှန်သမျှ မကောင်း

ငါမပေါင်းရတဲ့ အရာမှန်သမျှသာ ကောင်းခဲ့

ပျော်စရာနေ့ရက်တွေ ပျောက်ဆုံးခဲ့

နေ့ရက်တိုင်း ညှိုးငယ်ခဲ့ရတယ်

သုညမှ ဘာမှမရှိ

စပါးပိုး ကောက်ပိုး အသီးအနှံပိုးတွေ

ဖောက်ချည်ရက်ခဲ့

လေချိုလေအေးတွေ အရှိန်အဟုန်ပြင်းပြင်း

ငါ့ခရီးစဉ်မှာ

ဉာဏ်ကြောင့် ဒုက္ခရောက်ရသည်တဲ့။ ။

မောင်ချောနွယ်


Comments

Post a Comment