Skip to main content

Short Quote_13

 Love doesn't Hurt.Loving Wrong Person Does

ဟုတ်ကဲ့အချစ်ဆိုတာ မနာကျင်စေပါဘူး.. လူမှားချစ်မိတာကပဲ နာကျင်ရတာပါ

ကျွန်တော်တို့ ကို ပြန်မချစ်တဲ့သူတွေကို  ဘာလို့ဆက်ချစ်နေကြတာလဲ...?

သူလည်းမသိတာကို ဘာလို့ အပင်ပန်းခံပြီး တစ်ဖက်သတ်ချစ်နေကြတာလဲ တစ်ဖက်သတ်ချစ်တယ်ဆိုတာ ဂုဏ်ယူစရာလို့ထင်နေကြတာလား.. ဂုဏ်ယူစရာမဟုတ်ဘူးနော် သူကတော့ မသိဘဲ ကိုယ်ကအပင်ပန်းခံပြီး ချစ်နေရတာ " မင်းသိပါစေ မင်းသိပါစေ" ဆိုပြီး ဖွင့်မပြောဘဲ ချစ်နေကြတာ အဲ့ဒီမင်းက ဖွင့်မပြောဘဲနဲ့တော့ တစ်သက်လုံး သိလာမာ မဟုတ်ဘူး ဘဝကြီးက တိုတိုလေးပါ ဘာအရာမှအဲ့လောက်ထိ အပင်ပန်းခံစရာမလိုပါဘူး 

Friend Zone ထဲမာရောက်နေလို့ ခက်နေတာလား ရဲရဲကြီး ဖွင့်ပြောလိုက်  Friend Zone ပျက်စီးသွားမာကြောက်နေတာလား ရဲရဲကြီး အပျက်စီးခံလိုက် ဘယ်အရာမှ အဲ့လောက်ထိ အောက်ကျနောက်ကျ ခံစရာမလိုဘူး... 

" ကျွန်တော်က ချစ်ပြတာပါ" " ကျွန်တော်က သူ့ကို အဲ့လိုလေးငေးကြည့်ပြီး ချစ်နေရတာကိုပဲ သဘောကျနေပါပြီ"  စကားလုံးလှလှလေးတွေနဲ့ ကိုယ်နွားဖြစ်နေတာကို တန်ဆာမဆင်ချင်ကြပါနဲ့

လူမှန်ဆိုတာ ကိုယ်မရှာလည်း ကိုယ့်စီရောက်လာမာမို့ ရှိနေတဲ့သူကို တန်ဖိုးထားပြီး ကိုယ့်ကိုမချစ်တဲ့သူတွေကို အသည်းအသန် လိုက်ချစ်ပြမနေပါနဲ့တော့....



Comments

Post a Comment