Skip to main content

အငွေ့ပျံနေ့ရက်များ

 


အငွေ့ပျံနေ့ရက်များ

အာခိမိဒိသီအိုရီဟာ
သွားတစ်ချောင်းအဖြစ် ရောက်ရှိလာတယ်။
ရေချိန်လွတ်နေတဲ့ စားပွဲခုံတစ်ခုံ ခုန်လို့။
အလွန်တရာ အရသာရှိခဲ့တာက
မျှော်လင့်နေရတာ မှန်သမျှပေါ့။
ချစ်လှစွာသော လောကဓံတရားရေ …
ဖြစ်ချင်တိုင်း မဖြစ်ရတာကိုဘဲ ချစ်နေရပါတယ်။
အသက်ရှူသံတွေထဲမှာ ပန်းပွင့်တွေရှိတယ်
အသက်ရှူသံဟာ ပန်းပွင့်ဖြစ်တယ်။
ဆူးရှိ
အရသာချဉ်စူးစူး
အစေးလည်းထွက်
ကျီးပေါင်းတက်နေတဲ့ အိပ်မက်တစ်ခု
အသက်ရှူသံ ပန်းပွင့်ထဲမှာ ရှိနေလေရဲ့။ ။
မောင်ချောနွယ်

Comments

  1. ဖြစ်ချင်တိုင်းမဖြစ်ရတာကိုပဲချစ်နေရပါတယ်

    ReplyDelete
    Replies
    1. အေး ချစ်နေလိုက်

      Delete
    2. အေးလေ ချစ်ရမယ်😛

      Delete
  2. တခါတလေတော့လည်း ဖြစ်ချင်တိုင်းမဖြစ်ရတာကို မချစ်ချင်တော့ဘူး

    ReplyDelete

Post a Comment